ဈေးကွက်ဈေးနှုန်း

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါမှ အာရှဖောင်ဒေးရှင်း၏ စီမံကိန်းမန်နေဂျာ Mr.Ville Peltovuori ဦးဆောင်သော အဖွဲ့နှင့်လက်ခံတွေ့ဆုံ

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ရုံးခန်း တွင် ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါအား အာရှဖောင်ဒေးရှင်းမှ စီမံကိန်းမန်နေဂျာ Mr.Ville Peltovuori ဦးဆောင်သောအဖွဲ့က “မြန်မာ့စီးပွားရေးဝန်းကျင် ညွှန်းကိန်း(MBEI) ၂၀၂၀” ဒုတိယအကြိမ် သုတေသန လေ့လာရေး အတွက် စီးပွားရေးလုပ်ငန်းများထံ မေးမြန်းခဲ့သည့် မေးမြန်းချက်များအပေါ် သုတေသန နည်းလမ်းများအသုံးပြုပြီး သုံးသပ်လေ့လာထားသော တွေ့ရှိချက်များကို မိတ်ဆက်တင်ပြပြီး MBEI စီမံချက်နှင့် လုပ်ငန်းစဉ်များအပေါ် လမ်းညွှန်မှုခံယူသည့် Online အစည်းအဝေးတစ်ရပ်ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဦးမျိုးသူ၊ ညွှန်ကြားရေးမှူး၊ ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့ ကြပါသည်။

 

NES Unit